Still ScriptureRoom for the Word. My Church

ငယ် သောအရွယ်မှစ၍ ၊ ကြိမ်ဖန်များစွာ ငါ့ ကို သူတပါးတို့သည် ညှဉ်းဆဲ ကြပြီဟူသောစကားနှင့်ချီ၍၊ ဣသရေလ အမျိုးဆို ရသော စကားဟူမူကား၊ ငယ် သောအရွယ်မှစ၍ ၊ ကြိမ်ဖန်များစွာ ငါ့ ကို သူတပါးတို့သည် ညှဉ်းဆဲ ကြပြီ။ သို့သော်လည်း ငါ့ ကို မ နိုင် ကြ။ ထွန် သောသူတို့ သည် ငါ့ ကျော ပေါ် မှာ ထွန် ၍၊ ရှည်သော ထွန် ကြောင်းတို့ကို ဖြစ် စေကြ၏။ ထာဝရဘုရား သည် ဖြောင့်မတ် တော်မူ၏။ မ တရားသောသူတို့ ၏ ကြိုး တို့ကို ဖြတ် တော်မူပြီ။ ဇိအုန် မြို့ကို မုန်း သောသူအပေါင်း တို့သည် ရှက်ကြောက် ၍ လှန် ခြင်းကိုခံရကြပါစေ။ အိမ်မိုး ပေါ်မှာ ပေါက် ၍၊ အဘယ်သူမျှမနှုတ်ဘဲ ညှိုးနွမ်း တတ် သော မြက်ပင် ကဲ့သို့ ဖြစ် ကြပါစေ။ ထိုမြက်ပင်ကိုရိတ် သောသူသည် လက်တဆုပ်မျှ မရ။ စည်း သောသူလည်း လက် တပွေ့ မျှမ ရ။ လမ်း၌ ရှောက်သွား သော သူတို့ ကလည်း၊ ထာဝရဘုရား ပေးတော်မူသော မင်္ဂလာ သက်ရောက် ပါစေ သော။ ထာဝရဘုရား ၏ နာမတော် ကို အမှီပြု၍၊ သင် တို့ကို ကောင်းကြီး ပေးကြ၏ဟု မ ပြော မဆိုရကြ။

Choose edition

Book & chapter

Passage

Edition source & rights